Structured query language (SQL)
Structured Query Language (သို့) Sequel (သို့) SQL ဆိုတာ
Database ထဲက Data တွေကို ချိတ်ဆက် စီမံခန့်ခွဲတဲ့နေရာမှာ အသုံးပြုတဲ့ Programming Language/ Query Language တစ်မျိုး ဖြစ်ပါတယ်။
အခုမှ စလေ့လာမဲ့ Beginner တွေ မြင်လွယ်အောင် ဥပမာ ပေးရမယ်ဆိုရင်
သင်က Mini Mart တစ်ခုကို သွားတယ်။ သင်ရွေးထားတဲ့ ပစ္စည်းတွေကို Cashier မှာ ငွေရှင်းရတယ်။
အဲ့ဒီအချိန်မှာ Cashier က ငွေဘယ်လောက်ကျလဲ ဆိုတဲ့ Slip ကို သင့်ဆီ ပေးပါတယ်။
အနောက်မှာတော့ သင်ဝယ်တဲ့ ပစ္စည်း စာရင်းတွေ၊ ဝယ်ယူလိုက်တဲ့ ငွေပမာဏတွေက Application က တစ်ဆင့် Database ထဲ ရောက်သွားပါတယ်။
Mini Mart ကလည်း Branch အများကြီး ရှိတယ်၊ တစ်နေ့တစ်နေ့ ရောင်းရတဲ့ စာရင်းတွေက Database ထဲ သွားစုပါတယ်။
အဲ့ဒီနောက်မှာ သင်က Sales Analysis Report ကို လုပ်ဖို့အတွက် Database ထဲက Data တွေကို Script ရေးပြီး Visualization Tool တစ်ခု နဲ့ ချိတ်ဆက်ကာ Business အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ထုတ်ပေးရပါတယ်။
ဒါ့ကြောင့်မို့ SQL Language က Data Analyst တိုင်းအတွက် မရှိမဖြစ်လိုအပ်လာတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။
SQL ကို လေ့လာတဲ့ နေရာမှာ Technical ရှုထောင့်တင် မဟုတ်ဘဲ Problem Solving ဘယ်လိုလုပ်ရမလဲ၊ Business Flow ထဲ ဝင်အောင် ဘယ်လို ရေးရမလဲဆိုတာကို သိဖို့လည်း လိုအပ်လာပါတယ်။
အခုပြထားတဲ့ ပုံလေးကတော့ Microsoft ရဲ့ Sample Dataset ထဲကနေ Sales Analysis လုပ်ဖို့ Databuzz KP မှ ထုတ်ယူထားတဲ့ Script နမူနာလေးပဲ ဖြစ်ပါတယ်။