Data Career ကို ပြောင်းလာကြတာနဲ့အမျှ အလုပ်အကိုင်တစ်ခု ဘယ်လိုရှာရမလဲဆိုတာက စဉ်းစားစရာ ဖြစ်လာပါတယ်

ဒါပေမဲ့ ကျွန်တော်တို့ Data Analytics တွေအတွက် ကိုယ့်ရဲ့ Skills တွေကို ပြဖို့ အားသာချက် တစ်ခုကတော့ LinkedIn ပေါ်မှာ Project Portfolios တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပက Data Professionals တွေရှိတဲ့ LinkedIN ပေါ်မှာ ကိုယ့်ရဲ့ Portfolios တွေကို တင်ခြင်းအားဖြင့် Data Experts တွေဆီက Feedbacks တွေ ရနိုင်သလို သူတို့ရဲ့ Portfolios တွေဆီကလည်း Learning လုပ်လို့ရပါတယ်။

ကိုယ်တင်ထားတဲ့ Portfolios တွေက Meaningful ဖြစ်ရင် ဖြစ်သလို ကိုယ့် Network ထဲက လူတွေ၊ Recruiters တွေ၊ Hiring managers တွေရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ပါတယ်။

အဲ့ဒီတော့ LinkedIn ပေါ်မှာ Stunning ဖြစ်တဲ့ Project Portfolios တွေ တင်ဖို့ ဘယ်လို စလုပ်ရမလဲ
1. International Communities များက ပြုလုပ်တဲ့ Challenges များမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း

ဒီလိုနည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာက ပြည်တွင်း၊ ပြည်ပ Recruiters တွေ Hiring Managers တွေ အများကြီးရှေ့မှာ လုပ်လို့ရတဲ့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။

ပြိုင်ပွဲနိုင်ခဲ့လို့ သူတို့ပေးတဲ့ Winner Badge ရရင် Resume ရဲ့ Achievement နေရာမှာ ထည့်ဖို့ Credential Link ရတဲ့အတွက် Impressions အများကြီး ရနိုင်ပါတယ်။

အားစိုက်လိုက်ရတဲ့ effort နဲ့ ညီမျှတဲ့အရာတစ်ခုကို ပြန်လည် ရရှိနိုင်ပါတယ်။

အောက်မှာ Sample ပေးထားတဲ့ LinkedIn Page တွေမှာ Challenges Update တွေကို ကြည့်ရှုနိုင်ပါတယ်။
2. မိမိဘာသာ Online မှ ရရှိနိုင်တဲ့ Sample Data တွေကို အသုံးပြုခြင်း

ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် တော့ Online က ရနိုင်တဲ့ Sample Data တွေနဲ့ Practice လုပ်နိုင်ပါတယ်။

ဒါပေမဲ့ ထွက်လာတဲ့ Project ကို LinkedIn ပေါ်မှာ တင်ပေးခြင်းအားဖြင့် မိမိအရည်အချင်းကို ပြသနိုင်ပါတယ်။

အောက်မှာတော့ Sample Data ရရှိနိုင်တဲ့ Links တွေကို ဖော်ပြပေးထားပါတယ်။
Microsoft Official Datasets
(Power BI files တွေပါ ဒေါင်းလို့ရပါတယ်)
ကိုယ့်ရဲ့ Project Portfolios တွေကို Branding လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ဒါတွေရဲ့ အသေးစိတ်ကို Microsoft Power BI Users Community Myanmar မှ ပြုလုပ်မဲ့ Webinar မှာ ပြောပြပေးသွားမှာ ဖြစ်လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။