Data Analyst တစ်ယောက်ရဲ့ Report က ကြည့်ကောင်းဖို့ လိုအပ်သလား ၊ အချက်အလက် မှန်ဖို့ လိုအပ်သလား
Data Analyst တစ်ယောက်ရဲ့ Report က ကြည့်ကောင်းဖို့ လိုအပ်သလား ၊ အချက်အလက် မှန်ဖို့ လိုအပ်သလား
Data Analyst တွေက များသောအားဖြင့် Report တစ်ခုကို လုပ်ဆောင်တဲ့ အခါမှာ Insights မှန်ဖို့ ကို ပိုပြီး အာရုံစိုက်ကြရတာ များပါတယ်။
Business Requirements တွေကို Fulfill ဖြစ်လား၊
Business Logic တွေရော Clear ဖြစ်လား၊
Data တွေ မှန်ရဲ့လား အစရှိသဖြင့်
ဂရုတစိုက်ရှိကြတာ များပါတယ်။
အဲ့ဒီအတွက်ကြောင့် Report အများစုမှာ မြင်ရတဲ့ ပုံစံမျိုးတွေ ဆိုရင် Tabular View တစ်နည်းအားဖြင့် Excel Look ပုံစံမျိုးတွေနဲ့ သွားတတ်ကြပါတယ်။
Tabular Format နဲ့ Reports တွေက Operational Level အပိုင်းမှာဆိုရင် အများကြီး အသုံးဝင်ပါတယ်။ ဒါပေမဲ့ Report တွေကို Management တွေဆီ Deliver လုပ်တဲ့အခါကျရင် သူတို့အများစုက အချိန်မပေးနိုင်တဲ့အတွက် Details Breakdown ဆီ မကြည့်တော့ဘဲ Business Patterns တွေကို ပိုပြီး စိတ်ဝင်စားကြပါတယ်။
ဒါ့ကြောင့်မို့ Management Level အတွက် အချိန်တိုအတွင်း Business Insights ကို မြင်သာစေဖို့အတွက် Charts တွေ၊ Graphs တွေကို Visualization နည်းလမ်းအမျိုးမျိုးသုံးပြီး ဖန်တီးလာကြရပါတယ်။
ဒီလို လိုအပ်ချက်တွေကြောင့် Data Visualization Specialist ဆိုတဲ့ Positions တွေက အခုနောက်ပိုင်းမှာ အများကြီး ပေါ်လာတာ ဖြစ်ပါတယ်။
အနှစ်ချုပ် အနေနဲ့ ပြောရမယ်ဆိုရင် Data Analyst တစ်ယောက်အတွက် ပြီးပြည့်စုံမှုဆိုတာ အချက်အလက် မှန်မှန်ကန်ကန် တင်ပြတတ်ဖို့တင် မကဘဲ ကိုယ့်ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို တိကျ၊ ရှင်းလင်း၊ ပြတ်သားစွာ တင်ပြနိုင်ပြီး ဆွဲဆောင်မှု ရှိတဲ့ ဒီဇိုင်း တွေ ဖန်တီးနိုင်တဲ့ အရည်အချင်းရှိဖို့လည်း လိုအပ်ပါတယ်။
အဲ့ဒီအတွက် အချက်အလက်မှန်ဖို့ ၊ Business Insights ထွက်ဖို့ အသည်းအသန် ကြိုးစားနေရတဲ့ Data Analyst တွေအတွက် Visualization ဆိုတာ အိမ်မက်ဆိုးကြီး တစ်ခု ဖြစ်လာပါတယ်။
ဒါပေမဲ့လည်း Data Report တစ်ခုအတွက် လိုအပ်ချက် ဖြစ်လာတဲ့အခါ ဖြည့်ဆည်းပေးရမှာက Data Analyst တစ်ယောက် ရဲ့ တာဝန်ဆိုတာကို လက်ခံပေးရမှာ ဖြစ်ပါတယ်။
Databuzz KP ကလည်း Data Analyst တွေအတွက် Visualization လုပ်တဲ့အခါ အသုံးဝင်မဲ့ Website Link လေးတွေကို Sharing လုပ်ပေးလိုက်ပါတယ်
Websites for Data Visualization Inspiration
Websites for Color Palettes
Websites for Free Icons and Images
Sample Job Vacancies for Data Visualization Specialists
1. Data Visualization Associate
2. Data Visualization Specialist
3. Data Visualization Engineer