အလုပ်တစ်ခု အတွက် Interview ဝင်တော့မယ်ဆိုရင် အများစုဖြစ်လေ့ဖြစ်ထ ရှိတာကတော့
အလုပ်တစ်ခု အတွက် Interview ဝင်တော့မယ်ဆိုရင် အများစုဖြစ်လေ့ဖြစ်ထ ရှိတာကတော့
I. ပြင်ဆင်မူအားနည်းခြင်း
ပထမဆုံးအနေနဲ့ အဲ့ဒီ company နဲ့ ပတ်သတ်ပြီးတော့ ဘာတွေလုပ်တယ် ဘာလိုမျိူးတွေရှိတယ်ဆိုတာကို ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် Data Analyst နဲ့ ပတ်သတ်ပြီးတော့ Common Interview questions တွေကို ပြင်ဆင်ထားသင့်ပါတယ်။ ဒီကနေ့လဲ လေ့လာလို့ရပါတယ်
ဥပမာ Power BI မှာဆိုရင် Calculate column နဲ့ DAX Measure နဲ့ ဘာတွေ ကွာလဲ | Primary Key နဲ့ foreign keys က ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာမျိုးတွေကိုပါ လေ့လာထားသင့်ပါတယ်
II. Basic Concept တွေကိုလေ့လာဖို့မေ့နေခြင်း
ကျွန်တော်တို့ က များသောအားဖြင့် Basic concept တွေကို မေ့နေတတ်ကြပါတယ်။ ဥပမာ အားဖြင့် Data Types ဘယ်နှစ်ခုရှိလည်း၊ Data Quality ကို ဘယ်လိုစစ်လဲ ၊ Data Manipulation ကို ဘယ်လိုလုပ်လို့ရလည်း၊
Visualization မှာဆိုရင်လည်း Time Series data တွေကို ဘယ်လို chart နဲ့ပြမလဲဆိုတာမျိုးကို case scenario လေးတွေနဲ့ပြင်ဆင်ထားသင့်ပါတယ်။
III. Professional အတွက် ပြင်ဆင်မထားခြင်း
အဲ့ဒီအချက်ကတော့ များသောအားဖြင့် အခုမှစပြီးတော့ အလုပ်လျှောက်တဲ့လူတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ Resume မှာ ကိုယ်မကျွမ်းချင်တဲ့အရာတွေကို ထည့်ရေးထားပြီး အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး Interviewers တွေ က မေးလာတဲ့အခါ ကိုယ့်အတွက် အခက်အခဲတွေ အများကြီးဖြစ်လာစေပါတယ်။
ကိုယ့်ရဲ့ Resume မှာ ကိုယ်ကျွမ်းကျင်တဲ့အရာတွေ ကို ပဲ ထည့်ထားသင့်ပါတယ်။ အဲဒီအတွက်လည်း project portfolio တွေ လုပ်ထားသင့်ပါတယ်
IV. ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းခြင်း
Interviews တစ်ခုသွားတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ က Confident အပြည့်ရှိနေရပါမယ်။ ဒီအတွက် Technical skills သာမက စိတ်ပိုင်းဆိုင်ရာတွေ မှာ လည်း ပြင်ဆင်မှုတွေ အများကြီးလုပ်ထားသင့်ပါတယ်။ အဲ့ဒီလို အချိန်မှာ Confident အားနည်းနေမယ်ဆိုရင် ကိုယ် သိနေတဲ့ အရာတစ်ခုကို interviewers က မေးလိုက်ရင်တောင်မှ ကိုယ့်အနေနဲ့ ကြောက်နေတဲ့ စိတ်ရှိတဲ့အတွက် စိတ်ထဲမှာဝေဝါးပြီးတစ်ခြားဟာတွေ ကို ဖြေမိနိုင်တဲ့အတွက် အခွင့်အရေးတွေ ဆုံးရှုံးသွားတာမျိုးတွေလည်း ရှိပါတယ်
နောက်ဆုံးပိတ် ပြောရမယ်ဆိုရင်တော့ Data Career ကို လျှောက်လှမ်းဖို့အတွက် အင်တာဗျူးတွေ ဝင်ဖြေတဲ့အခါမှာ ဒီအချက်လေးတွေကို သတိထားပြင်ဆင်လိုက်မယ်ဆိုရင် ကိုယ့်အတွက် အရမ်းအကျိုးရှိတယ်ဆိုတာ သိစေချင်တာပါ